TERMS & CONDITIONS
ကျေးဇူးပြု၍ kiriyazone.com ကို အသုံးမပြုမှီ စည်းမျဉ်းဥပဒေများအား ဖတ်ရှု့ပါ။
- kiriyazone.com ၏ မည်သည့် အစိတ်အပိုင်းကိုမျှ kiriyazone.com ၏ခွင့်ပြုချက်မပါဘဲ ကူးယူသုံးစွဲခွင့်မပြုပါ။
- Product Description and Color of Picture
- Kiriyazone.comတွင် ဖော်ပြထားသော ကုန်ပစ္စည်း၏ ဓာတ်ပုံများနှင့် စာသားများသည် နမူနာအနေဖြင့် ပြသထားခြင်းသာဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Customer Service သို့ တိုက်ရိုက် ဆက်သွယ်နိုင်သည်။
- ကုန်ပစ္စည်း၏ အရောင်နှင့် ထုပ်ပိုးမှု့ပုံစံများမှာ ကွဲလွဲမှု့ ရှိနိုင်သည်။
- kiriyazone.comတွင် ဖော်ပြထားသော ပုံများနှင့် စာများအပါအဝင် မည်သည့်အချက်အလက်ကိုမဆို မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိပေးခြင်းမရှိပဲ kirirazone.comမှ ပြုပြင်ပြောင်းလဲပိုင်ခွင့်ရှိသည်။
- Sign up and Membership
- အသုံးပြုသူအနေဖြင့် Sign up လုပ်လိုက်ပါက kiriyazone.com၏ စည်းမျဉ်းဥပဒေများကို လိုက်နာမည်ဟု သဘောတူညီပြီး အလိုအလျှောက် Member စာရင်းဝင်သွားမည်ဖြစ်သည်။
- အသုံးပြုသူအနေဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အမှန်အကန်များကိုသာ ဖြည့်သွင်းရမည်ဖြစ်သည်။
- အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက် မှားယွင်းမှု့ကို အခြေခံ၍ဖြစ်ပေါ်လာသော မည်သည့်ကိစ္စကိုမဆို kiriyazone.comမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
- Sale / Order / Product
- kiriyazone.comတွင် orderတင်ပြီးနောက် ငွေပေးချေပြီးမှသာလျှင် Orderအတည်ပြုမည်ဖြစ်၍ ကုန်ပစ္စည်းပို့ဆောင်ပေးနိုင်ရန် လုပ်ငန်းစဉ်စတင်မည်ဖြစ်သည်။
- Promotionကာလအတွင်း အကျိုးခံစားခွင့်နှင့်ပတ်သတ်၍ အငြင်းပွားမှု့ဖြစ်ခဲ့ပါက kiriyazone.com ၏ဆုံးဖြတ်ချက်သာ အတည်ပြုဆောင်ရွက်မည်။
- kiriyazone.comမှမဟုတ်ဘဲ အခြားတစ်စုံတစ်ဦး(သို့မဟုတ်)အခြား အဖွဲ့အစည်းတစ်ခုခု၏ ကုန်ပစ္စည်းပို့ဆောင်မှု (သို့မဟုတ်) ပြုပြင်တပ်ဆင်မှုကြောင့် ဖြစ်ပေါ်လာသော ကုန်ပစ္စည်းပျက်စီးပျောက်ဆုံးမှုများကို kiyirazone.comမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
- Payment and Return
- ငွေပေးချေရာတွင် kiriyazone.comမှ သတ်မှတ်ထားသော ဘဏ်အကောင့်များသို့ ငွေလွှဲ၍ပေးချေခြင်း (သို့မဟုတ်) ငွေသားကို တိုက်ရိုက်ပေးချေခြင်းကိုသာ လက်ခံမည်ဖြစ်သည်။
- kiriyazone.comမှ သတ်မှတ်ထားသောဘဏ်အကောင့်မှလွဲ၍ မည်သည့်ဘဏ်အကောင့်ကိုမှ ငွေလွှဲခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
- ငွေပေးချေရာတွင် ဘဏ်အကောင့်နံပါတ်များအား သေချာစွာ စစ်ဆေးပြီးမှ ငွေ လွှဲရန်နှင့် အမှားအယွင်း ရှိခဲ့ပါက kiriyazone.comမှ တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း မေတ္တာရပ်ခံအပ်ပါသည်။
- အကြောင်းအမျိုးမျိုးကြောင့် ကုန်ပစ္စည်းအား ဝယ်သူထံမှ ကုမ္ပဏီသို့ ပြန်လည်ပို့ဆောင်ပါက kiriyazone.com၏ Cusromer Serviceသို့ အရင်ဆုံးအကြောင်းကြားပေးပါ။ ကုန်ပစ္စည်းပြန်လည်ပို့ဆောင်မှု့အတွက် ကုန်ကျစရိတ်ကို Userထံမှ ပေးဆောင်ရမည်ဖြစ်သည်။
- kiriyazone.comမှ ပစ္စည်းလက်ခံစစ်ဆေးပြီးလျှင် refund ပြုလုပ်ပေးရန် လက်ခံမည်ဆိုပါက user ၏ဘဏ်အကောင့်ထဲသို့ လက်ခံသည့်နေမှစ၍ (၂)ပတ်အတွင်း လွှဲပေးသွားမည်ဖြစ်သည်။
- Delivery (Information) Policy
- ကုန်ပစ္စည်းပို့ဆောင်မှု့မှာ orderအတည်ပြုပြီး (၃)ရက်မှ (၇)ရက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်သည်။
- မန္တလေးမြို့နယ်တွင်း(အမရပူရ၊ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပုသိမ်ကြီး၊ ပြည်ကြီးတံခွန်) အိမ်အရောက်ဝန်ဆောင်မှု့ရှိပြီး အခြားမြို့များအတွက် Customerတောင်းဆိုသော ကားဂိတ်သို့သာ ပို့ဆောင်ပေးမည်ဖြစ်သည်။
- ပစ္စည်းပို့ဆောင်ရာတွင် kiriyazone.comမှ သေချာစွာ စစ်ဆေးထုပ်ပိုး၍ ပို့ဆောင်ပေးခြင်းဖြစ်သည်။ ပစ္စည်းဝယ်ယူသူကိုယ်တိုင်လည်း သေချာစွာ စစ်ဆေးပေးရန် သို့မဟုတ် ကားဂိတ်မှ တစ်ဆင့်လက်ခံစစ်ဆေးရန်မေတ္တာရပ်ခံအပ်ပါသည်။ ကုန်ပစ္စည်း ပျက်စီးပျောက်ဆုံးမှုများရှိခဲ့ပါက kiriyazone.comမှ တာဝန်ယူမည်မဟုတ်ပါ။
- ပစ္စည်းပို့ဆောင်ခြင်းနှင့် လာရောက်သယ်ဆောင်ခြင်းကို kiriyazone.com၏ ရုံးချိန်အတွင်းသာ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း မေတ္တာရပ်ခံအပ်ပါသည်။
7.Inappropriate Use and Membership Revoke
- kiriyazone.comတွင် အကောင့်ဖွင့်လိုက်ပါက kiriyazone.comမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းချက်များကို ဖတ်ရှု့၍လိုက်နာပါမည်ဟု လက်ခံပြီးဖြစ်သည်။ kiriyazone.com၏ စည်းမျဉ်းစည်းကမ်းချက်များကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိပေးခြင်းမရှိဘဲ kiriyazone.comမှ အချိန်မရွေး ပြုပြင်ပြောင်းလဲနိုင်သည်။ ထို့ကြောင့် kiriyazone.com၏ စည်းမျဉ်းစည်းကမ်းချက်များကို အခါအားလျှော်စွာ ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
- မိမိwebsitewတွင်အဆင်ပြေမှုမရှိပါကCustomerServiceအားဆက်သွယ်ဖြေရှင်းနိုင်ပါသည်။ အခြားသော Social Media Platformများပေါ်တွင် kiriyazone.comအား ထိခိုက်နစ်နာအောင် ရေးသားခြင်းများ ပြုလုပ်ခဲ့ပါက ပြင်းထန်ထိရောက်စွာ အရေးယူခြင်းကို ခံရပါမည်။
- အသုံးပြုသူအနေဖြင့် မိမိ၏လျှို့ဝှက်နံပတ်အပါအဝင် အခြားသော ကိုယ်ရေးအချက်အလက်များကို မိမိကိုယ်တိုင်ထိန်းသိမ်းရမည်။ အခြားတစ်ဦးထံသို့ လျှို့ဝှက်နံပါတ်အပါအဝင် အခြားသော အချက်အလက်များ ပေါက်ကြားခဲ့ပါက (သို့မဟုတ်)ရောက်ရှိသွားပါက kiriyazone.comမှ တာဝန်ယူမည်မဟုတ်ပါ။ မိမိ၏ လျှို့ဝှက်နံပတ်အား အခြားသူတစ်ဦးတစ်ယောက် သိသွားပြီဟု ယူဆမိလျှင် လျှို့ဝှက်နံပါတ်အသစ်တစ်ခုအား ချက်ချင်းပြောင်းလဲပေးရန် အကြံပြုလိုပါသည်။
- အသုံးပြုသူကိုယ်တိုင်မဟုတ်ပဲ အခြားသူတစ်ဦးမှ မိမိအကောင့်ကို အသုံးပြု၍ ဖြစ်လာသော ကိစ္စရပ်များအားလုံး User၏တာဝန်သာဖြစ်သည်။ ဖြစ်ပေါ်လာသော ဆုံးရှုံးမှု့တန်ဖိုးများအတွက်လည်း အကောင့်ပိုင်ရှင်သာလျှင် တာဝန်ယူရမည်။